first blog

ဒီဘလော့ရဲ့ ပထမဦးဆုံးပိုစ့်ဖြစ်ပါတယ်။ ဒီနေ့တစ်နေကုန် ဘာလုပ်လုပ်ကို အဆင်မပြေဘူး.. ပထမဆုံးပိုစ့်ရေးပါမယ်ဆိုမှ စိတ်မကြည်တော့ ဘာအကြောင်းရေးရမှန်းကို မသိတော့ပါဘူး.. ဒီဘလော့မှာ နည်းပညာကြောင်းလေးဘာလေးလည်း ထည့်မယ်လို့စဉ်းစားထားပါတယ်။

ဘာလို့လဲဆိုတော့ နာမည်ကြီးကိုက Technical ဆန်သွားတာကိုး.. အဲ့တော့ မထည့်လို့မကောင်းတော့ဘူးလေ။ မနက်ကတည်းက အမေနဲ့ စကားပြောရတာ အဆင်မပြေ၊ နောက်တော့ ရည်းစားနဲ့ ရန်ဖြစ် တစ်နေကုန်ကို ရှုပ်နေတာပဲ။

ဒါနဲ့ ဒီဘလော့ကို github မှာ host ပြီး Jekyll နဲ့ generate လုပ်ပါတယ်။ ဘာလို့အဲ့လိုလုပ်ရတာလဲ.. ဘာလို့အဲ့လိုလုပ်ရတာလဲဆိုတော့ ကျွန်တော် hosting ဖိုးမတက်နိုင်လို့ပါ။ github မှာက free လေ.. နောက်ပိုင်း ပိုက်ဆံယူမယ်ဆိုရင်တော့ အခြားအလကားရတဲ့ နေရာကို ပြောင်းရမှာပေါ့ မတက်နိုင်ဘူး။

ကျွန်တော် ၁၀ တန်းဖြေပြီခါစတုန်းကလည်း blog ရေးဖူးပါတယ်။ အဲ့တုန်းက ကလေးဆိုတော့ ခုလိုပဲ ပေါက်ကရလျှောက်ရေးတာပေါ့ဗျာ.. Feel တဲ့ ပိုစ့်တွေလည်း များတာပေါ့။ ဒါပေမဲ့ခုတော့ သိပ်မဖီးချင်တော့ပါဘူးဗျာ.. အဲ့တော့ ပေါက်ကရတွေပဲ ရေးမယ်။ ဘယ်သူမှ လာဖတ်မယ်လို့လည်း မထင်ပါဘူး။ အဲ့တော့ ကြိုက်သလောက် ပေါလို့ရတာပေါ့.. ကြိုက်ရင်တော့ comment မှာ ဝင်ပြောကြပေါ့ဗျာ။